၁။ အိပ်စက်ခြင်း
အစာစားပြီး တန်းအိပ်လိုက်တာဟာ အစာအိမ်အလွန်အကျွံလောင်ကျွမ်းခြင်းကို ဖြစ်စေပါတယ်။ အစာစားပြီးနောက်မှာ သင်အိပ်စက်နိုင်သော်လည်း အနည်းဆုံးမိနစ် ၃၀-လောက် ခြားပြီးမှာ အိပ်သင့်ပါတယ်။အစားအစာများစားပြီး ချက်ချင်းအိပ်ခြင်းက သင့်ကို အိပ်ချိန်ပုံမမှန်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်။ ထို့အပြင်အစာစားပြီးနောက် ချက်ချင်းအိပ်ခြင်းသည်အဝလွန်ခြင်းနှင့်တိုက်ရိုက်ဆက်နွယ်သောကြောင့် ပုံမှန် ၂-နာရီလောက်ခြားပြီးမှ အိပ်သင့်ပါတယ်။
၂။ ဆေးလိပ်သောက်ခြင်း
အစာစားပြီး ဆေးလိပ်သောက်တာဟာ ဘယ်လောက်ကျေနပ်စရာကောင်းစေကာမူ အစာစားပြီးရင် သင့်ခန္ဓာကိုယ်ကအစာကြေရန်လိုအပ်သည်။အကယ်၍ သင်အစာစားပြီး ချက်ချင်းဆေးလိပ်သောက်ပါက ပုံမှန်ထက်ကင်ဆာပို ဖြစ်စေနိုင်ပါတယ်။
၃။ ရေချိုးခြင်း
အစာစားပြီးနောက် ချက်ခြင်းရေချိုးခြင်းဟာ အစာကျေခြင်းစနစ် လျော့ကျေစေနိုင်သလို အခြားအခြားကျမ္မာရေး ပြဿနာများလည်းဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစာစားပြီး သင့်အနေနဲ့ ရေချိုးချင်ရင် အနည်းဆုံး နာရီဝက်လောက် ခြားသင့်ပါတယ်။
၄။ အသီးစားခြင်း
လူအများစုဟာ အချိုပွဲအဖြစ် အသီးကို စားသုံးခြင်းဟာ ခန္ဓာကိုယ်အတွက် အကျိုးရှိတယ်လို့ ယူဆကြတယ်။အဲဒါဟာမှားပါတယ်၊ သင့်အနေနဲ့ အသီးတွေကို စာသုံးရတာ နှစ်သက်တယ်ဆိုရင် အစာစားချိန်မဟုတ်တဲ့ အချိန်တွေမှာသာ စားသုံးသင့်ပါတယ်၊ အကယ်၍ သင်သည် အစာစားပြီး ချက်ချင်းစားလျှင် အသီးတွေမှာပါတဲ့ အရေတွေသည် အစာကျေစနစ်ကို နောက်ယှက်စေနိုင်ပါတယ်။
၅။ လက်ဖက်ရည်သောက်ခြင်း
အစာစားပြီးနောက် လက်ဖက်ရည်သောက်တာဟာ လူတိုင်းကြိုက်ကြသော်လည်း အမှန်တကယ်လက်ဖက်ရည်ကို မသောက်သင့်ပါ။ရေအေးတို့ ရေခဲရေတို့လည်း မသောက်သင့်ပါ။ လက်ဖက်ရည်မှာပါတဲ့ ကာဖင်းဓာတ်သည် သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစာစားပြီး တစ်နာရီလောက်အကြာမှာမှ သောက်သင့်ပါတယ်။
၆။လေ့ကျင့်ခန်းပြုလုပ်ခြင်း
ဒါကတော့ လူတိုင်းသိထားကြပါတယ် အစာစားပြီးချက်ချင်း လေ့ကျင့်ခန်းလုပ်တာ ပြေးတာ အလေးမတာတို့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။
အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် အမြဲကျမ္မာချမ်းသာကြပါစေ သင့်အတွက်ကျိုးရှိတယ်ဆိုရင် ပိုစ့်ကို ရှယ်သွားပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
(Zawgyi)
အစာစားပြီး သင်ဘယ်တော့မှ မလုပ်သင့်သည့်အရာများ ၆-မျိုး
ကျွန်တော်တို့သည် အစားအစာ စားပြီးပြီးချင်း အသီးစားတာတို့ အိပ်တာတို့ အစာကျေစေရန် လမ်းလျောက်တာတို့ ပြုလုပ်တတ်ကြတယ်။ အဲလိုလုပ်တာဟာ ကျမ္မာရေးရှုထောင့်ကနေကြည့်ရင် အမှားကြီးမှားပါတယ်။အောက်မှာ အစာစားပြီးချင်း ၁ နာရီအတွင်းမှာ မပြုလုပ်သင့်သော အရာ ၆-မျိုးကို ဖော်ပြပေးလိုက်ပါတယ်
၁။ အိပ်စက်ခြင်း
၂။ ဆေးလိပ်သောက်ခြင်း
၃။ ရေချိုးခြင်း
၎။ အသီးစားခြင်း
၅။ လက်ဖက်ရည်သောက်ခြင်း
0 Comments